နမ့်ဆန်၌ ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာနေမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့က ကွင်းဆင်းကြည့်ရှု

နမ့်ဆန် အောက်တိုဘာ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးနိုင်သည့် အသက်(၁၈)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများတို့၏ အမည်စာရင်းများကို အောက်တို့ဘာလ()ရက်နေ့မှစ၍ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်း ကပ်ထားကြေညာထားမှု အခြေအနေများကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများတို့က ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျင်စိန်နှင့် မဲရုံတာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများတို့က လိုက်ပါပြီး ဇယန်းကြီးကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာအုပ်စု၊ မန်ကန်ကျေးရွာအုပ်စုနှင့် တောင်ကျော်ကျေးရွာအုပ်စုတို့ရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ လိုက်လံကြည့်ရှုပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများအား ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် နှိုးဆော်ပေးခြင်း၊ အသိပညာ ပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း၊ အသိပညာပေးစာစောင်များကို  အများမြင်သာသည့် နေရာများတွင် ကပ်ထား၍ ပြသထားရန်၊ မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှုရ လွယ်ကူအောင် ပြင်ဆင်ပြသထားရန်၊ လာရောက်ကြည့်ရှုသူများအပေါ် ကူညီဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးတို့အတွက် မှာကြား ဆောင်ရွက်ခဲ့ကြသည်။

၎င်းမဲစာရင်းကပ်ထားကြေညာမှုများကို အောက်တိုဘာ ရက်နေ့မှ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး ပြန်လည်ပြင်ဆင်၊ ဖြည့်စွက် ပယ်ဖျက်ခြင်းများကို အဆိုပါ ၁၄ ရက်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နမ့်ဆန်မြို့နယ်အတွင်း မဲရုံပေါင်း(၅၆)ရုံနှင့် မဲပေးနိုင်သည့်လူဦးရေပေါင်း (၄၄၆၄၇)ဦးခန့် ရှိကြောင်း သိရှိရသည်။

ကိုအောင်မိုး (နမ့်ဆန် ပြန်/ဆက်)