ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ပေါက်ခေါင်း  အောက်တိုဘာ 

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက် ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

မိုးစပါးအနေနဲ့ မိမိတို့ဒေသနဲ့ကိုက်ညီပြီး အထွက်နှုန်းလည်းကောင်း  စားသုံးမှုအရည်အသွေးလည်းကောင်းတဲ့ စပါးကိုရွေးချယ်စိုက်ကြ ပါတယ်  တောင်သူတစ်ဦးနဲ့တစ်ဦးတော့စိုက်တဲ့စပါးမျိုးတော့မတူ ကြဘူး-ကိုယ်အဆင်ပြေတဲ့ စပါးကိုစိုက်ကြတယ် ဦးလေးကတော့ အင်းမရဲဘော်စပါးကိုက်တယ် ခုချိန်ထိတော့စိုက်ထား တာတွေ ကောင်း ပါတယ် အောင်မြင်နေတယ်ပေါ့၊ ဒုတိယအကြိမ် မြေဩဇာကျွေးခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပြီး ကြောင်းနှင့် ခုနှစ်အထွက်နှုန်းကောင်းမယ် ဆိုရင် တစ်ဧကကို စပါးတင်း (၁၀၀)ကျော်ထွက်မယ်လို့ ခန့်မှန်းထားကြောင်း မိုးစပါးစိုက်တောင်သူ ဦးကျော်ဆွေကပြောကြားသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးဧက ‌(၄၆၀၀၀)     ကျော်စိုက်ပျိုးထား စိုက်ပျိုးထားသည်ဟု မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)