တနင်္သာရီမြို့နယ်၌မြစိမ်းရောင်ချေးငွေ(စတုတ္ထ)အကြိမ်၊အိမ်တိုင်ရာရောက် သွားရောက် ထုတ်ချေးပေး

တနင်္သာရီ   အောက်တိုဘာ  ၇

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တနင်္သာရီမြို့နယ်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း(စတုတ္ထ)အကြိမ်၊ ချေးငွေအိမ်တိုင်ရာရောက် သွားရောက်ထုတ်ချေးပေးခြင်းအား ယမန်နေ့ က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

ယင်းသို့ထုတ်ချေးပေးရာ၌ တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအုပ်စု၊ တားပလပ်ကျေး ရွာမြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီမှတစ်ဆင့် အဆိုပါ တားပလပ်ကျေးရွာအတွင်းမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၄၁)ဦးအတွက် (၁၇၃)သိန်းကျပ်ကိုလည်းကောင်း၊  မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၃၈)ဦးအား ချေးငွေ(၁၀၇)သိန်း ကျပ်ကို လည်းကောင်း၊ အရောင်းအဝယ်လုပ် ငန်းလုပ်ကိုင်သူ(၁၉)ဦးအတွက်(၁၀၇)သိန်းကျပ်နှင့် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ(တစ်)ဦးအား(၈)သိန်းကျပ်ကို လည်းကောင်း၊ စုစုပေါင်းလုပ်ငန်းမျိုးစုံလုပ်ကိုင်သူ မြစိမ်းစီမံကိန်းအသင်းသား (၉၉)ဦးအတွက် စုစုပေါင်းငွေကျပ်(၃၉၅)သိန်း တိတိကို လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ကာလ အတွင်း လူစုလူဝေးမဖြစ်စေရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)