လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ အမှတ်(၁၈) ရပ်ကွက် အမှတ်(၃)အခြေခ့ပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာရှိ အနံ့မရသည့် လူနာများနှင့် တာဝန်ကျဝန်ထမ်းများ အတွက် ထမင်းဘူး(၂၀၀)ဘူးနှင့် ရေသန့် (၂၀၀)ဘူး ကိုလာရောက် လှူဒါန်းသည်။
အဆိုပါ လှူဒါန်းရာတွင် အမှတ်(၁၈)ရပ်ကွက်၊ရွှေရင်အေးဈေးလမ်း၊ ကိုချစ်ကိုဦး +မချယ်ရီ မိသားစုမှ မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တတ်အား သလောက် ဝိုင်းဝန်းကူညီကာ ထမင်းဘူး(၂၀၀)ဘူးနှင့် ရေသန့်(၂၀၀)ဘူးတို့ကို လာရောက် လှူဒါန်းခဲ့ပြီး အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ ရှိ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)