မော်လမြိုင် ဧပြီ ၂၈
၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်သည့် နေ့ထူးနေ့မြတ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်သည့် နေ့ထူးနေ့မြတ်တွင် မဟာမြတ်မုနိဘုရားကြီး၏ မျက်နှာတော်အား ရေသပ္ပာယ်ခြင်း၊ အမွှေးနံ့သာများဆက်ကပ်ခြင်း၊ မျက်နှာတော်ကို ရောင်တော်ဖွင့်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တို့ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကော်မတီ၀င်များအားလုံးက ဝိုင်း၀န်းကူညီဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ ကော်မတီ၀င်များက ကဆုန်ညောင်ရေသွန်းပွဲတော်ကို မဟာမြတ်မုနိဘုရားအောက်ရင်ပြင်ရှိ မဟာဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်းဆောင်ရွက်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးအတွက် မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း(၄၀)ကျောင်းနှင့် သီလရှင်ကျောင်းတိုက်(၅)ကျောင်းတို့မှ သံဃာတော်၊ သီလရှင်စုစုပေါင်း (၄၅)ပါးတို့အား ပင့်ဖိတ်၍ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်း၌ မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတို့ကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)