ကျိုက်ထို ဧပြီ ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းဗီဇပြောင်းအိုမီခရွန် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံမှုမဖြစ်ပေါ်စေရန် ယမန်နေ့ နေ့လယ် ၁ နာရီတွင် မြို့နယ်စည်ပင်သာယာ ပြည်သူ့ဈေး၌ ဈေးရောင်းချနေသူများနှင့် ဈေးလာရောက်ဝယ်ယူသူများအား ကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။
ယင်းသို့ထိုးနှံပေးရာတွင် တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသောသူများပါဝင်ပြီး တတိယအကြိမ်နှင့် စတုတ္ထအကြိမ်အဖြစ်လာရောက်ထိုးနှံသူများအား ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးမေးမြန်း၍ ကာကွယ်ဆေးအား ထိုးနှံပေးခြင်းဖြစ်သည်။
ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြစ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက Sinopharn ကာကွယ်ဆေးအား အကြောင်းအမျိုးမျိုးကြောင့်လာရောက်မထိုးနိုင်သော ဈေးသူဈေးသားများနှင့် ဈေးလာရောက်ဝယ်ယူသူများအား သတ်မှတ်စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)