ဘီးလင်းမြို့နယ်ရှိအခြေခံပညာ ကျောင်းအသီးသီးတွင် KG တန်းမှ Grade-11အထိ အောင်စာရင်းများထုတ်ပြန်

ဘီးလင်း ဧပြီ ၂၈

မွန်​ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းအသီးသီးရှိ KG တန်းမှ Grade-11 အထိ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီတွင် သက်ဆိုင်ရာ စာသင်ကျောင်းများ၌ ထုတ်ပြန်ထားရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း ၁၄၉ကျောင်း ရှိရာ  KG တန်း မှ Grade-11အထိ စာမေးပွဲဝင် ရောက်ဖြေဆိုသူ စာရင်းရှိ ဦးရေ  စုစုပေါင်းမှာ  (၂၆၁၇၅)   ဦးဖြစ်ပြီး  ကျောင်းသား၊ (၁၂၅၅၈)  ဦး နှင့်  ကျောင်းသူ  (၁၃၆၀၄) ဦးစုစုပေါင်း  (၂၆၁၆၂)ဦး  အောင်မြင်ခဲ့ရာ အောင်မြင်မှု ရာခိုင်နှုန်းမှာ ၉၉.၉၅ ရာခိုင်နှုန်းဖြစ်ကြောင်း  မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ထူးနောင် (ပြန်/ ဆက်)