ပေါင်မြို့နယ်တွင် အခြေခံပညာအောင်စာရင်းများ ကျောင်းအသီးသီးတွင် ထုတ်ပြန်ကြေညာ

ပေါင်         ဧပြီ        ၂၈

၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတန်းလိုက်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးထုတ်ပြန်လျက်ရှိရာ  ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် အတန်းလိုက်ကျောင်းတွင်းစာမေးပွဲအောင်စာရင်းများကို  ယမန်နေ့နနက် (၆)နာရီမှစ၍ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်အတွင်း အခြေခံပညာကျောင်းစာမေးပွဲများကျင်းပနိုင်ခဲ့ရာ ကျောင်းအားလုံးတွင် အောင်စာရင်းများကပ်ထားကြော်ငြာပေးလျက်ရှိကြောင်း၊ KGတန်းမှ Grade-11 ထိ အောင်စာရင်းများကို  အတန်းလိုက် ထက်၊ လယ်၊ မူ ကျောင်းများ၏ အောင်စာရင်းများထုတ်ပြန် ကြေညာပေးလျက်ရှိကြောင်းနှင့် အောင်စာရင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများက လာရောက်ကြည့်ရှုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)