ညောင်တုန်းမြို့နယ်တွင် ခွေးရူးရောဂါနှင့် အပူဒဏ်ကာကွယ်ရေးအသိပညာပေး နံရံကပ် စာစောင်ပြသ

ညောင်တုန်း ဧပြီး ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ခွေးရူးရောဂါနှင့် အပူဒဏ်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ၊ တိရစ္ဆာန်မှတစ်ဆင့် ခွေးရူးရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်)များကို ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်နိုင်သည့်နည်းလမ်းများ၊ ခွေးရူးရောဂါ ဖြစ်နေသောခွေး၏ လက္ခဏာများ၊ သတိထား လိုက်နာရမည့်အချက်များနှင့် အပူဒဏ်အန္တရာယ်နှင့် ကျန်းမာရေးပြဿနာများအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ၊ အယ်လ်နီညိုဖြစ်စဉ်၏ ရာသီဥတု ပူပြင်းမှုအကျိုးဆက်များ၊ အပူချိန် မြင့်မားမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များ၊ ဆောင်ရန်ရှောင်ရန်များ စသည့် အသိပညာပေး အကြောင်းအရာများပါဝင်သော နံရံကပ်ပြဘုတ်အား အများပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး ပြသဆောင်ရွက်ထား‌ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသည်။

ထက်ဝေဖြိုး(ပြန်ဆက်)