ပြည်မြို့ ဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့ စာဖတ်ဝိုင်းပြုလုပ်

ပြည် ဧပြီ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ "ဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့"တို့ လစဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိသော စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းသို့ ဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့မှ နာယကဆရာကြီးများဦးဆောင်သော စာရေးဆရာ၊ ကဗျာဆရာနှင့် စာပေဝါသနာရှင်များတက်ရောက်ပြီး ရှေးဦးစွာ(Book Club)အဖွဲ့နာယကဆရာကြီး  မြို့နယ်ပညာရေးမှူး(ငြိမ်း)ဦးခင်အောင်က စာဖတ်ဝိုင်းနှင့်ပတ်သက်၍ မုဒိတာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ရွှေဝါဖူးက  လူငယ်နှင့်ပြည်သူ့အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသောဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့ဝင်များက စာရေးဆရာဘိုဘိုလန်းစင်ရေးသားသည့် "မြန်မာ့စွယ်စုံကျမ်းရှာပုံတော်" ခေါင်းစဉ်ပါဆောင်းပါးမှ သုတ/ရသသိမှတ်ဖွယ်ရာအကြောင်းများကို စာဖတ်သူတို့၏ ရှုထောင့်အသီးသီးမှအမြင်များဖြင့် အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ကျန်းမာရေးဏ္ဍအပါအဝင် အခြားဗဟုသုတဆိုင်ရာ စာပေရေးရာအကြောင်းများကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)