ကျိုက်မရော ဧပြီ ၂၅
နွေရာသီပူပြင်းခြောက်သွေ့ချိန်၌ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနက ယမန်နေ့ ညနေ ၃ နာရီက ရေပြတ်လတ်နေသည့် ကျေးရွာ၊ ရပ်ကွက်များသို့ မီးသတ်ရေသယ်ယာဥ်နှစ်စီးဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ သောက်ရေသန့်များ အခမဲ့ဖြန့်ဝေနေမှုများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးတင်သောင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အိမ်တိုင်ရာရောက်သွားရောက်ကာ သောက်ရေသန့်ဂါလံ(၆၀၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)