ပေါင်မြို့နယ်တွင် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဒေသနွားမမွေးမြူထားရှိမှုများအား ကွင်းဆင်းကြည့်ရှု

ပေါင် ဧပြီ ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဒေသနွားမမွေးမြူထားရှိမှုများအား ကွင်းဆင်းကြည့်ရှု့ခြင်းကိုယနေ့ နေ့လယ်က အလှပ်ကျေးရွာရှိ ဒေသနွားမများ မွေးမြူထားရှိသည့်နေရာများတွင် သွားရောက်ကာ နွားမများမွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှု့ရာတွင် နိုင်ငံ့စီးပွါးရန်ပုံငွေထောက်ပံ့ပေးထားသည့် အလှပ်ကျေးရွာတာဝန်ခံ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဒေါက်တာသက်နိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု့ခဲ့ပြီး နွားမများ၏ကျန်းမာရေးအပြင် အခြားလိုအပ်ချက်များအားကြည့်ရှု့အားပေးခဲ့ကြသည်။

ပေါင်မြို့နယ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နွားတစ်ကောင်လျှင် ငွေကျပ် (၁၀)သိန်းဖြင့်နွားမကောင်ရေ (၃၀)အတွက် စုစုပေါင်းငွေကျပ် သိန်း(၃၀၀) ကျပ် ထောက်ပံ့ပေးထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ ဆက်)