ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ရရှိမည့်အကျိုးကျေးဇူးများ Talk Show ကျင်းပ

ကလေး ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကလေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာသိကောင်းစရာများ Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဦးထွန်းမင်းအောင်က ပြည်သူများအသိပညာဗဟုသုတများတိုးပွားနိုင်စေရန်အတွက် Talk Show ကျင်းပရခြင်းနှင့်ပတ်သက်၍ ဦးစွာဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးသူဇာက မျိုးစေ့၊ မျိုးဆန်၊ မျိုးသန့်များ၏ အရည်အချင်းလက္ခဏာများ၊ အရည်အသွေးကောင်းမျိုးစေ့များအကြောင်း၊ မျိုးကောင်းမျိုးသန့်များစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့သည်။

ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားနိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များဖြင့် On Line မှတဆင့် Talk Showများ စာပေမြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးများနှင့် သင်တန်းများကိုလစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)