ဝါးခယ်မ ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ယင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများက ဝါးခယ်မမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၀၁၃)၊ ဦးပိုင်အမှတ် (၆/၁) တောင်သူဦးမူရှီ၏ လယ်မြေ ၂.၆၃ ဧကအား မြေဆီလွှာဖွံဖြိုးရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်မျိုးစေ့) များအားစုပေါင်းကြဲပက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် သစ်စိမ်းမြေဩဇာ ၊ ဇီဝမြေဩဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်ပြီး လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကိုနှိမ်နင်းနိုင်ကြောင်း၊ ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)