သံဖြူဇရပ် ဧပြီ ၂၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီးနွေရာသီတွင် ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူများသောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စေတနာရှင် ပရဟိတအဖွဲ့တို့ပူးပေါင်းပြီး ရပ်ကွက်များရှိရေလှောင်ကန်များ၊ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ရုံးဌာနများသို့ သောက်သုံးရေများ အခမဲ့သွားရောက် ဖြန့်ဝေပေးခြင်းကို နေ့စဥ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ သောက်သုံးရေများအခမဲ့လှူဒါန်းပေးခြင်းကို သံဖြူဇရပ်မြို့နယ်အနေဖြင့် မတ် ၁၇ ရက်နေ့မှစတင်ကာ နေ့စဥ်လှူဒါန်းပေးလျက်ရှိရာ တစ်နေ့လျှင် ရေဂါလံ(၃၀၀၀)ခန့် လှူဒါန်းဖြန့်ဝေပြီး တစ်နေ့စက်သုံးဆီဖိုးကုန်ကျငွေ ၂ သိန်းခွဲခန့်ကုန်ကျကာ မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များမှလည်း ပါဝင်လှူဒါန်းကာ အခမဲ့ရေပေးဝေရေးလုပ်ငန်းကို မြို့နယ်အတွင်း လိုအပ်သည့်နေရာများသို့ ဆက်လက်၍အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရေပေးဝေရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)