ပေါင်မြို့နယ်အတွင်း ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပေါင် ဧပြီ ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပေါင်းရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက ခွေးများအား မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေးများကို အခမဲ့ထိုးပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာသက်နိုင်နှင့် တာဝန်ရှိသူတို့က ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရေး ဆိုင်ရာသိကောင်းစရာများ၊ ကာကွယ်ဆေးထိုးနှံပေးရခြင်းနှင့်စပ်လျဉ်းသည်တို့ကို ဆွေးနွေး ပြောကြားပြီး ခွေးများအား ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခဲ့ကြသည်။

ခွေးရူးရောဂါသည် အဆိုပါရောဂါဖြစ်ပွားနေသော တိရစ္ဆာန်မှကိုက်ခြင်းဖြင့် ၎င်းတိရိစ္ဆာန်၏ သွားရည်ထဲမှ ဗိုင်းရပ်စ်များ အနာထဲသို့ ဝင်ရောက်ခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး တိရစ္ဆာန်များကို ကိုယ်တွယ်ထိန်းကျောင်းကုသပေးသူများ၊ မွေးကင်းစကလေးငယ်များ၊ အသက်ကြီးသူများ၊ မွေးမြူရေး လုပ်ငန်းများမှ လုပ်သားများ၊ ခုခံအားနည်းသော ဝေဒနာရှင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် သာမန်လူများထက်ပို၍ ခွေးရူးရောဂါ အပါအဝင်ခွေးနှင့်ကြောင်တို့မှ ကူးစက်သောရောဂါများကို အထူးသတိပြုရန် လိုအပ်ပါကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါနေ့ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးရာတွင် ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်အတွင်းရှိ ခွေးကောင်ရေ စုစုပေါင်း (၂၄)ကောင်အားထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)