ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

ကြံခင်း ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်လစာငွေများကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ အငြိမ်းစားပင်စင်လစာ ထုတ်ယူသူဦးရေ စုစုပေါင်း(၁၁၅၆)ဦးရှိရာ နိုင်ငံရေးပင်စင်စား(၈၄)ဦး၊ ကာကွယ်ရေးပင်စင်စား(၂၈၆)ဦး၊ မြို့ပြပင်စင်စား(၇၇၅)ဦးနှင့် ဘဏ်ပင်စင်စား(၁၁)ဦးရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

အဆိုပါ အငြိမ်းစားပင်စင်လစာငွေထုတ်ပေးခြင်းကို ယခုလတွင် ဧပြီ(၂၁)ရက်နေ့မှ (၃၀)ရက်နေ့ထိ ၊ နေ့စဉ် ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် နံနက်(၆)နာရီမှ နေ့လည်(၂)နာရီထိ ထုတ်ပေးသွားမှာဖြစ်ပြီး အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးရာတွင် မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက ပင်စင်စားများအား စနစ်တကျ ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)