ဖျာပုံ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၂၁ ရက်နေ့ နံနက်(၁၀)နာရီက ဖျာပုံမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးငွေမင်းထိုက်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ် (ဧပြီလ မှ မတ်လ) ဒေသန္တရစီမံကိန်းဥပဒေတွင် ပါဝင်သည့် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)နှင့် ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများနင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို သတ်မှတ်ကာလ အပိုင်းအခြားအလိုက် လုပ်ငန်းပြီးစီးရေး၊ ငွေထုတ်ယူမှုပြီးစီးရေးလုပ်ငန်းပြီးစီးမှုနဲ့ ငွေထုတ်ယူမှုပြီးစီးမှုကွာဟချက် မဖြစ်စေရေး တာဝန်ယူကြီးကြပ်ဆောင်ရွက်ပြီး အချိန်မီပြီးစီးရေးလိုက်နာဆောင်ရွက်ဖို့လိုကြောင်း လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက်ဖျာပုံမြို့နယ်၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဝင် ဌာနဆိုင်ရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြို့နယ်စီမံကိန်းဦးစီးမှူးတို့က ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဝင် ဌာနအလိုက် စီမံကိန်းတာဝန်များအား သီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံ ခရိုင် (ပြန်/ဆက်)