ငဖဲ ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ ပီတိ(ပေကြီး) ရေးသားသော ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိအခြေခံသိစရာများ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်းက စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်၊ စာပေဗဟုသုတတိုးပွားရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိ၍ စာပေဖတ်ရှုပြီးပြန်လည်ဆွေးနွေးတတ်သည့် အလေ့ အကျင့်ဖြစ်ပေါ် လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် Youth Club အဖွဲ့ဝင် ဒေါ်နှင်းနွယ်အောင်က စည်းကမ်းသည်လူ၏တန်ဖိုးဖြစ်၍ အိမ်၊ လမ်း၊ ကျောင်း၊ ရုံးဆိုင်ရာ စည်းကမ်းများကို လိုက်နာဖို့လိုအပ်ကြောင်း၊ အရာရာတိုင်းကတန်ဖိုးကိုယ်စီရှိနေပြီး မိမိအသက်ကို တန်ဖိုးထားရန်၊ မိမိဘဝကိုတန်ဖိုးထားရန်နှင့် မိမိပတ်ဝန်းကျင်ရှိသက်ရှိ သက်မဲ့တိုင်းကိုလည်း တန်ဖိုးထားရန်လိုအပ်ကြောင်းနှင့် မြို့နယ် Youth Club အဖွဲ့ဝင် ဒေါ်သန္တာအောင်က ကြိုးစားပါ၊ ကျေးဇူးသိပါ၊ စည်းစည်းလုံးလုံးနေပါနှင့် နိုင်ငံသားကောင်းတစ်ယောက်၏ တာဝန်ဝတ္တရားများ ကိုလေ့လာအကြောင်းများကို ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့်အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာအုပ်တွင် နိုင်ငံသားတစ်ယောက် လိုက်နာပြုကျင့်ဆောင်ရွက်ရမယ့် ကျင့်ဝတ်စည်းကမ်း၊ တာဝန်ဝတ္တရားတွေကို ပြုကျင့်၊ လိုက်နာ၊ ထမ်းဆောင်ကြခြင်းဟာ ပြည်သူ့နီတိနဲ့အညီနေထိုင် ကြခြင်းဖြစ်ပြီး ပြည်သူ့နီတိသည် ပြည်သူတိုင်းလိုက်နာဆောင်ရွက်ရမယ့် အရာသာဖြစ်၍ ဘာသာတစ်ခု၊ လူမျိုးတစ်မျိုးတည်းအတွက်မဟုတ်ဘဲ နိုင်ငံသားတိုင်းလိုက်နာလက်ခံနိုင်သော ကျင့်ဝတ်စည်းကမ်း တာဝန်ဝတ္တရားများကို ရေးသားဖော်ပြထားပြီး ငဖဲမြို့နယ်ရုံးအနေဖြင့် Club အဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပုံမှန် စာဖတ်ဝိုင်းများနှင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)