အုတ်ဖို ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၅ ခု နှစ်ဆန်း ၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ယမန်နေ့နံနက် ၈ နာရီ ၃၀ အချိန်က သက်ကြီးပူဇော်ပွဲကိုကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက အသက် (၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉)ဦးအား ကန်တော့ကြသည်။ မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း၍ ဘိုးဘွားတစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှင့် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မိုဒရာမင်းအားဆေး ၃ ဗူးစီလှူဒါန်းခဲ့ပြီး ဘိုးဘွားများအား ခြေသည်းလက်သည်းညှပ်ပေးခြင်းတို့ကို ပါဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အလားတူနံနက် ၅ နာရီအချိန်ကလည်းဆရာတော် သံဃာတော်များအား နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)