အိမ်မဲချောင်းအတွင်းသို့ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၂၀၀၀၀) ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ

အိမ်မဲ ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ချောင်းဝပိုင်းရပ်ကွက်ရှိ အိမ်မဲမြို့တည်သမိုင်းဝင်ဆုတောင်းပြည့်ရှင်ပင်ချမ်းသာကြီးဘုရားရှေ့ ကရဝိတ်ဖောင်တော်ရင်ပြင်မှ အိမ်မဲချောင်းအတွင်းသို့ ယနေ့ မြန်မာနှစ်ဆန်း(၁)ရက်နေ့နံနက် ၇ နာရီတွင် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ(၂၀၀၀၀)ကို ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပခဲ့သည်။

အဆိုပါ ဇီဝိတဒါနငါးလွှတ်ပွဲကို အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး ငါးလွှတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ကြပြီး ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၂၀၀၀၀)ကို ဇီဝိတဒါနငါးလွှတ်ပွဲအဖြင့် အိမ်မဲချောင်းအတွင်းသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)