ကျိုက်လတ်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

ကျိုက်လတ် ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတက်နေ့ကို ကျင်းပလျက်ရှိရာ  ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်းသိရသည်။

ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာယိမ်းအကအဖွဲ့များနှင့် တေးဂီတအစီအစဉ်များကို အေးချမ်းပျော်ရွှင်စွာ သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိပြီး ဌာနဆိုင်ရာများနှင့် အလှူရှင်များကလည်း စတုဒိသာများ ကျွေးမွေးခဲ့ကြသည်။ သင်္ကြန်အတက်နေ့တွင် ကျိုက်လတ်မြို့နယ်အတွင်း၌ အတာရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့် သင်္ကြန်ချစ်သူပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာအမွေအနှစ်ကောင်းများကို ထိန်းသိမ်းကာ ယိမ်းအက၊ ရိုးရာအက၊ တေးဂီတတို့ဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှု၍ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိရာ (၈)ဖြတ်လမ်းမှ (၁၀)ဖြတ်လမ်း ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်နှင့် မြို့တွင်းအနှံ့ သင်္ကြန်ရေကစားမဏ္ဍပ်တို့၌ စည်ကားလျက်ရှိကြောင်း သိရသည်။

ရီရီမြင့်