ဆင်ပေါင်ဝဲ ဧပြီ ၁၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ထူးပေါက်ကျေးရွာ၌ သင်္ကြန်အကျနေ့(၁၈)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရွာလယ်လမ်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသက်ကြီးပူဇော်ကို ကျေးရွာအတွင်းမှ (၇၀)နှစ်အထက်ဘိုးဘွား(၄၇)ဦးအား ကျေးရွာသား/သူများ၊ အလှူရှင်များက အလှူငွေနှင့်ပစ္စည်းများ လှူဒါန်း၍ ပူဇော်ကန်တော့ကြပြီး ထူးပေါက်ကျေးရွာရှိ အဘိုးဦးမြခိုင်မှ ဆုတောင်းစကားပြောကြားခဲ့သည်။
"ကျွန်တော်တို့ ထူးပေါက်ကျေးရွာအနေဖြင့် နှစ်စဥ်သင်္ကြန်အကျနေ့ သက်ကြီးဘိုးဘွားများကို ပူဇော်ကန်တော့ရာတွင် ယခုနှစ်ဆိုရင်ဖြင့်(၁၈)ကြမ်မြောက်ရောက်ပြီဖြစ်၍ အလွန်ပင်ဝမ်းသာပီတီဖြစ်ရပါတယ်လာမည့် နှစ်တွေမှာလဲ သက်ကြီးဘိုးဘွားများကို ယခုနှစ်ကလိုပဲ ကန်တော့သွားမည်ဖြစ်ပြီးအလှူငွေနှင့် ပစ္စည်းများလှူဒါန်းပေးကြသော ကျေးရွာသား/သူများနှင့် အလှူရှင်များကို ကျေးဇူးတင်ပါကြောင်း၊ သက်ကြီးဘိုးဘွားများအား သင်္ကြန်ထမင်းဟင်းများလည်း ကျွေးမွေးဧည်ခံလျက်ရှိကြောင်း "လူငယ်ခေါင်းဆောင် ဦးအောင်အောင်ထံမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)