မြို့သစ်မြို့ စည်ပင်သာယာစျေးတွင် ခရမ်းချဥ်သီးများပုံမှန်ဝင်ရောက်

မြို့သစ်  ဧပြီ  ၁၀ 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ခရမ်းချဥ်စိုက်ပျိုးခြင်းကို မြေအောက်ရေဖြင့် တူးဖော်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခရမ်းချဥ်သီးများမြို့သစ် စည်ပင်သာယာဈေးအတွင်း သို့ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း ဈေးအတွင်းကုန်မျိုးစုံဝယ်ယူရောင်းချနေသူ တစ်ဦးထံမှသိရသည်။

"ယခုနှစ်ခရမ်းချဥ်စိုက်ပျိုးသည့် ခရမ်းချဥ်စိုက်ပျိုးတောင်သူများအနေဖြင့် ခရမ်းချဥ်သီး တစ်ပိဿာကို (၂၂၀၀)ကျပ်စျေးရောင်းရတယ်၊ ပြီးခဲ့တဲ့ဈေးက တစ်ပိဿာကို (၁၅၀၀)ရောင်း ဈေးရှိတယ်၊ အခုအခါနားနီးမှ(၂၀၀၀)စျေးကျော်လာတာ၊ ဒီစျေးအတိုင်းသွားမယ်ဆိုရင် မိသားစု အတွက်အဆင်ပြေနိုင်ပါတယ်" ဟု၄င်းကပြောသည်။          

ခရမ်းချဥ်စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အပင်ပြုစုကောင်းရင် ပြုစုနိုင်သလို အထွက်နှုန်းကောင်းမွန်သည့်အတွက် ခရမ်းချဥ်စိုက်ပျိုးသူများလာကြောင်း စိုက်ပျိုးလုပ်ကိုင်သူတောင်သူများထံက သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)