အမာမြို့၌ အသက် (၁) နှစ်ခွဲ‌အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခဲ့

အမာ မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအားပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမာမြို့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ အသက် (၁) နှစ်ခွဲအောက် ကလေးငယ် (၂၉) ဦးအား ပုံမှန်ကာကွယ်ဆေးဖြစ်သော ဆုံဆို့၊ ကြက်ညာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅) မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေး၊ ထိုးဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် (၁၅) ဦးအား မေးခိုင်ကာကွယ်ဆေးတို့ကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင်လည်း ကံကြီးကုန်းကျေးရွာသို့သွားရောက်ကာ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမာ (ပြန်/ဆက်)