ကော့မှူး၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကော့မှူး ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝက စူဠဘွဲ့နှင်းသဘင် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန်၊ ရွှေတိဂုံစေတီတော်ကြီးတွင် သံဃာအပါး(၁၁၁၁၁)ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သံဃာများ၏ ဝေယျာဝစ္စဆောင်ရွက်ရန်ကိစ္စရပ်များ၊ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပူးပေါင်းပါဝင်ကြရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများအနေဖြင့် နေကြာရိတ်သိမ်းမှု အထွက်နှုန်းများ အပတ်စဥ်တင်ပြပေးကြရန်နှင့် CCTV တပ်ဆင်ရန် ကျန်ရှိသောဌာနများ အမြန်ဆုံးတပ်ဆင်သွားရန်၊ လူပုဂ္ဂိုလ် လုံခြုံရေးအား အထူးဂရုပြုရန်နှင့်လုပ်ငန်းများ‌ အောင်မြင်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။       

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ