တွံ​တေး၌ နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲ ကျင်းပ

တွံတေး  ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော  နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ၄ နာရီကမြို့နယ်မိုးလုံလေလုံ အားကစားခန်းမ(ခ)အဆင့်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကာယ/ကျန်းမာ၊ ကျောင်းစာကြည့်တိုက် ဒုတိယဦးစီးမှူး ဆရာမဒေါ်ဖြူဖြူက အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်  အားလပ်သော အချိန်ကို အကျိုးရှိစွာ အသုံးချပြီး ကျောင်းသား၊ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိ စိတ်ဓာတ်ပိုမို သက်ဝင်ယုံကြည်လာခြင်းမှာလည်း တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နွေရာသီအားကစားသင်တန်းများမှတဆင့်  မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ်သို့ ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက သင်တန်းတစ်ခုချင်းအလိုက် သရုပ်ပြကစားကြသည်။

သင်တန်းများတွင် ဘောလုံး၊ဘော်လီဘော၊စားပွဲတင်တင်းနစ်တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ကြက်တောင်အားကစားနည်းများကို သက်ဆိုင်ရာ နည်းပြများက လက်တွေ့ လေ့ကျင့်သင်ကြားပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ အားကစားသမားများအား မြို့နယ်အားကစားအဖွဲ့မှ နည်းပြများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက   သင်တန်းဆက်းလက်မှတ်များ ပေးအပ်ခြင်းနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုငွေချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။

သင်တန်းကာလမှာ မတ်လ(၁၀)ရက်နေမှ (၃၁)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့‌ကြောင်း သိရသည်။

တွံတေးသား