ခရမ်းမြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းများဆင်းပွဲ အခမ်းအနား ကျင်းပ

ခရမ်း  ဧပြီ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊  ခရမ်းမြို့နယ်တွင် လူငယ်မျာ းအားကစားစိတ်ဓာတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မတ်လတွင် ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံ အားကစားသင်တန်းများဆင်းပွဲ အခမ်းအနားအား ယနေ့နံနက်  ၉ နာရီအချိန်က ခရမ်းမြို့ အ.ထ.က ( ၁ )ကျောင်း စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အာပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦးမှ အဖွင့်အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ အားကစားနည်းအလိုက် စွမ်းရည်ပြသခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို မြို့နယ်တာဝန်ရှိသူများက ပေးအပ်ခဲ့သည်၊ ထို့နောက် တက်ရောက်လာသေ ာသင်တန်းသူ၊ သင်တန်းသားများမှ မြန်မာ့သိုင်းသရုပ်ပြခြင်း၊ တိုက်ကွမ်ဒိုသရုပ်ပြခြင်း၊ Fitness Dance သရုပ်ပြခြင်းများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦးနှင့် ဒုဦးစီးမှူးများ၊ မြို့နယ်ပညာရေးမှူးဒေါ်အေးသစ်နှင့် ဝန်ထမ်းများ၊မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်လေးနွယ်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများ၏မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )