ကြံခင်းမြို့တွင် အစိုးရ ပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ

ကြံခင်း မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့နေ့လည်ပိုင်းက ရွှေညောင်ပင်ကျောင်းတိုက် ပညာဆီမီးဓမ္မာရုံအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

စာမေးပွဲမကျင်းပမှီ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊  အလှူရှင်များက  နေ့ဆွမ်း၊ အချိုပွဲများ ဆက်ကပ်လှုဒါန်းကြသည်။

ထို့နောက် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပရာ ပထမလတ်တန်း (၂)ပါးနှင့်    ပထမငယ်တန်း (၁၅)ပါး၊ အခြေပြုမူလတန်း (၁၆)ပါး စုစုပေါင်း(၃၃)ပါးတို့ ဝင်ရောက် ဖြေဆိုကြကြောင်းနှင့် ကြီးကြပ်ဆရာတော် သံဃာတော်(၁၂)ပါး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စာမေးပွဲကျင်းပနေစဉ် ကြီးကြပ်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ပထမပြန်စာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ (၂)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)