ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အ​ခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲ ကျင်းပ

​ရွှေဘို မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ​ဒေါ်​အေးမြမွန်မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဆရာမ ​ဒေါ်ခင်​ချောမူအား ဂါရ၀လက်​ဆောင်​ပေးအပ်ခဲ့​ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများအား အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဝန်ထမ်းများ လုပ်ငန်းခွင်ရာထူးတိုး​ဖြေဆိုရာတွင် အခက်အခဲမရှိ​ ဖြေဆိုနိုင်စေရန် သင်ကြားပေးရခြင်းဖြစ်​ပြီး၊ သင်တန်းကို မတ်လ(၁၅)ရက်နေ့မှ (၂၉)ရက်နေ့ထိ သင်ကြား​ပေးခဲ့​ကြောင်း သိရပြီး သင်တန်းသား/သူ(၁၅)ဦး တက်​ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်