အိမ်မဲ မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီ (၃၀)မိနစ်တွင် ကျင်းပသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အ.ထ.က (၁)ကျောင်း ရွေညီလာခန်းမနှင့် အ.ထ.က(၂)ကျောင်း ပညာ့ဗိမာန် ခန်းမတွင် သင်တန်းနည်းပြ (၃၄)ဦးက သင်တန်းသား (၁၀၁၈)ဦးကို မတ်လ (၂၈)ရက်နေ့မှ (၃၁)ရက်နေ့ထိ (၄)ရက်ကြာ သင်ကြားသွားမည်ဖြစ်သည်။
ချစ်သက်လယ်(အိမ်မဲ)