ချောက် မတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ပါဠိပထမပြန်စာမေးပွဲအား ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁၁)ရပ်ကွက်၊ ဗဟိုကွက်သစ်ရပ်ရှိ သာသနာ့ဗိမာန်တော်အတွင်း၌ ကျင်းပခဲ့သည်။
၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲတွင်ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်စုစုပေါင်း (၅၈)ဦး ဖြေဆိုခဲ့ကြပြီး ပထမကြီးတန်းတွင် ရဟန်း ၈ ပါး၊ သာမဏေ ၂ ပါး၊ သီလရှင် ၂ ပါး ပထမလတ်တန်းတွင် ရဟန်း ၉ ပါး၊ သာမဏေ ၂ ပါး၊ သီလရှင် ၁ ပါး၊ ပထမငယ်တန်းတွင် ရဟန်း ၄ ပါး၊ သာမဏေ ၄ ပါး၊ သီလရှင် ၃ ပါး၊ အခြေပြုမူလတန်းတွင် ရဟန်း ၅ ပါး၊ သာမဏေ ၁၃ ပါး၊ သီလရှင် ၄ ပါး၊ လူပုဂ္ဂိုလ် ၁ ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
စာမေးပွဲဖြေဆိုရာ၌ စာမေးပွဲကာလနေ့ရက်များအလိုက် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများနှင့် စာဖြေရဟန်း/ သာမဏေ/ သီလရှင်များအတွက် အချိုရည်များကို စေတနာရှင် အလှူရှင်များက လည်းကောင်း၊ စာဖြေရဟန်း/ သာမဏေ/ သီလရှင်များအတွက် စာမေးပွဲကျင်းပရေး ကော်မတီမှ ဆွမ်းစရိတ်အဖြစ် တစ်ပါးလျင် ငွေကျပ် ၄၀၀၀နှုန်းဖြင့် လည်းကောင်း ဆက်ကပ်လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း၊ ဆိုပါစာမေးပွဲကို မတ်လ(၂၈)ရက်မှ ဧပြီလ(၃) ရက်နေ့အထိ၊ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ၃ နာရီအချိန်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးမှူးရုံးမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)