စလင်းမြို့နယ်အတွင်း စိမ်းလန်းစိုပြေလှပနိုင်ရေး သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် သစ်တောဦးစီးဌာနမှ မြို့မပျိုးဥယျာဥ်တွင် ပျိုးပင်ပေါင်း (၉၃၅၆၀) ပျိုးထောင်ထားရှိ

စလင်း မတ် ၂၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းစိမ်းလန်းစိုပြေလှပစေရေး စိုက်ပျိုးနိုင်ရန်အတွက် ပေါင်းနားရပ်ကွက် မြို့မပျိုးဥယျာဥ်တွင် ပျိုးပင်များကို နှစ်စဥ်ပျိုးထောင်ထားရှိလျက်ရှိရာ ယခုနှစ် ၂၀၂၃ ခုနှစ် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း(၉၃၅၆၀)ပင်ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

စလင်းမြို့နယ်အနေဖြင့် ယခုနှစ်မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် သစ်တောဦးစီးဌာန၊ မြို့မသစ်တောပျိုးဥယျာဥ်မှ ပျိုးပင်ပေါင်း(၉၃၅၆၀)ပင်ကို စိုက်ပျိုးထားရှိပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းကနေ စတင်စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်းလန်း စိုပြေရေးကိုအထောက်အကူပြုသလို သဘာဝပတ်ဝန်းကျင်သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှကာကွယ်နိုင်ရန် ရည်ရွယ်၍ ပျိုးပင်များကို ပျိုးထောင်ထားရှိခြင်းဖြစ်ပြီး ယခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် စလင်းမြို့နယ် သစ်တောဦးစီးဌာန၊ မြို့မပျိုးဥယျာဥ်တွင်၊ ကျေးရွာထင်းစိုက်ခင်း (၃၀) ဧကအတွက်၊ ယူကလစ် (၄၃၅၆၀)ပင်၊ ၂၀၂၂ အထူးပျိုးပင်များမှ တမာပင်(၅၅၀၀)ပင်၊ ပိတောက် (၁၅၀၀)ပင်၊ ပျဥ်းကတိုး (၅၀၀)ပင်၊ ကံကော်(၁၀၀၀)ပင်၊ ရေတမာ(၁၅၀၀)ပင်နှင့် ၊၂၀၂၃ ခုနှစ် အထူးပျိုးပင်များအဖြစ်၊ တမာ(၆၀၀၀)ပင်၊ ပိတောက်(၁၅၀၀)ပင်၊ ရေတမာ(၂၅၀၀)ပင်တို့ဖြစ်ပြီး လူထုဖြန့်ဝေနိုင်ရန်အတွက် ပျိုးပင်များဖြစ်သည့် ယူကလစ်(၂၀၀၀)ပင်၊ တမာ (၂၀၀၀၀)ပင်၊ ရေတမာ(၅၀၀၀)ပင်၊ သပြေဘူတ(၁၀၀၀)ပင်၊ ယင်းမာ (၅၀၀)ပင်နှင့် မျှင်ဝါး (၁၅၀၀)ပင်တို့ကို စိုက်ပျိုးထားရှိကြောင်း စလင်းမြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)