စလင်းမြို့နယ်အတွင်း နွေစပါး (၁၁၁၀-ဧက၊ နွေနှမ်း ၁၆၅၀၀-ဧက)လျာထား စိုက်ပျိုးနိုင်ရန်  စိုက်ပျိုးရေပေးဝေနေမှုအား ကွင်းဆင်းကြည့်ရှု

စလင်း  မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ရေအသုံးချမှုနှင့် စီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၃ ခုနှစ် နွေစပါးလျာထား (၁၁၁၀-ဧကနှင့် နွေနှမ်း ၁၆၅၀၀-ဧက) စိုက်ပျိုးနိုင်ရန်လျာထားသည့်အတွက် တောင်သူများ ရေရရှိမှု၊ ရေသွင်းယူနေမှုအခြေအနေကို ယမန်နေ့နေ့လည် ၃ နာရီ အချိန်က ဆည်မြောင်းဝန်ကြီးဌာနနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူ ၆၃၈ ဦး၊ ကွင်း ၅ ကွင်းဖြင့် သက်ဆိုင်ရာဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် နွေစပါးစိုက်ပျိုး လုပ်ကိုင်နိုင်ကြစေရန်အတွက် စိုက်ပျိုးရေကို ၁၅-၂-၂၀၂၃ နေ့မှ စတင်ကာပေးဝေခဲ့ပြီး နွေနှမ်းအတွက် စိုက်ပျိုးရေအား အကျိုးရှိစွာအသုံးချနိုင်ကြစေရန် ၁-၃-၂၀၂၃ ရက်နေ့မှစတင်၍ စိုက်ပျိုးရေကိုပေးဝေခဲ့ပြီးသည့်အပေါ် ရေရရှိမှုအနည်းအများနှင့် ထွန်ယက်စိုက်ပျိုးခြင်းရှိ၊ မရှိသိရှိစေရန်အတွက်  တောင်သူများစိုက်ပျိုးရေ လက်ရှိရရှိမှုအခြေအနေအရ လျာထားဧရိယာအတွင်းရှိ ကွင်းအားလုံး၌ စိုက်ပျိုးရေရရှီနေပြီဖြစ်သည် စလင်းတမံမှရေကို လင်းဇင်း ဆည်မှတဆင့် စလင်းမြောင်းမကြီးအတွင်းရှိ လက်တံမြောင်းအသီးသီးနှင့် လက်တံ (၁)တွင် တူးမြောင်းအလျား ၃ မိုင်၊ ရေထုထည်စီးနှုန်း ၂၅ ကုဗပေစက္ကန့်၊ အကျိုးပြုဧရိယာ (၁၄၅၀-ဧက) ကို အကျိုးပြုနိုင်ပြီး စလင်းတမံအတွင်း ရေလက်ကျန်ပမာဏအရ စလင်း(လင်းဇင်း) ဆည်ရေသောက် ဧရိယာအတွင်း နွေစပါး(၁၁၁၀-ဧက)၊ နွေ နှမ်း (၁၆၅၀၀-ဧက) စိုက်ပျိုးနိုင် ရန်လျာထားခဲ့ကြောင်းဖြင့် ယခုနှစ် နွေနှမ်းစိုက်ပျိုးမည့် တောင်သူအများစုသည် စိုက်ပျိုးရေ ရရှိရန်အတွက် မြောင်းမကြီးအတွင်းမှ ရေကို၊ ဒိုင်းရှင်းရေစုပ်စက်များ လက်တွန်းထွန်စက်များဖြင့် ရေကိုစုပ်ယူ၍ ထွန်ယက်စိုက်ပျိုနေကြပြီဖြစ်ကြောင်းကို မြေပြင်ကွင်းဆင်း ကြည့်ရှုခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းဦးစီးဌာနနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ  AE ဦးမျိုးမြင့် ထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်