နတ်မောက်မြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

    နတ်မောက် မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ (၁၂) နာရီ  အချိန်ကစတင်၍ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် နတ်မောက်မြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများမှ စာဖြေဌာန၌ စာရင်းရှိ သံဃာတော်အပါး (၁၇၁) ပါးရှိပြီး ဖြေဆိုသည့် ပထမကြီးတန်း (၁၈) ပါး၊ ပထမလတ်တန်း (၂၀) ပါး၊ ပထမငယ်တန်း (၃၈) ပါး၊ အခြေ ပြုမူလတန်း (၆၃) ပါး စုစုပေါင်း (၁၃၉) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိနှင့်တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဆရာမများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများနှင့် စာဖြေဌာန ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လှဝင်း