ဟိုင်းကြီးကျွန်းမြို့၌ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဟိုင်းကြီးကျွန်း မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် မြို့အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်(၁၃း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် အခမ်းအနားအစီအစဥ်များ၊ ကြိုတင်စီစဥ်ဆောင်ရွက်ထားရမည့်လုပ်ငန်းများနှင့် ဌာနဆိုင်ရာတစ်ခုချင်းအလိုက် တာဝန်ခွဲဝေချထားမှုများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး နေ့လည် (၁၄း၀၀)နာရီ အချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်

ဟိုင်းကြီးကျွန်း (ပြန်/ဆက်)