သရက်မူလတန်းကြိုကျောင်း၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ပွဲကျင်းပ

သရက် မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်မူလတန်းကြိုကျောင်း၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းဂုဏ်ပြု လက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက သရက်မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့ရာ သရက်ခရိုင် လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ်းလဲ့ရည်က အဖွင့်အမှာ စကား ပြောကြားပေးခဲ့သည်။

ထို့နောက် မူလတန်းကြိုကျောင်းမှ သားငယ်/သမီးငယ်လေးများက စည်းလုံးခြင်းအတွက် သီချင်း၊ ဗာရာဏသီ၊ သျှေင်ပေစူး၊ ဦးရွှေရိုး+ဒေါ်မိုး၊ ရုပ်ဆိုးမ၊ ကောက်စိုက်ချိန်၊ လိမ်ဖယ်လိမ်ဖယ် အိုးစည် (လှုပ်လိုရပီ)၊ သျှောင်ပေစူး၊ ချစ်လိုက်တော့၊ မင်းစော်ထက် ငါ့စော်ပိုမိုက်တယ် သီချင်းများဖြင့် ကပွဲပဒေသာ ဖြင့် ကပြဖျော်ဖြေပြီး မိဘဆရာ အသင်းဝင် ဦးသန့်ဇင်အောင်က ကျေးဇူးတင်စကား ပြောကြားပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူအသီးသီးက သားငယ်၊ သမီးငယ်များအား ကျောင်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)