၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်လှစ်

အင်္ဂပူ မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပညာရေးမှူးရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ ၂၀ မိနစ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာဦးလှထွဋ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြိုနယ်ပညာရေးမှူးဆရာဦးလှထွဋ်နှင့် ပညာရေးဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူ‌ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ပြီး အင်္ဂပူမြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ၊ ဆရာမများ စုစုပေါင်း(၁၄၃၃)ဦး တက်မည်ဖြစ်ပြီး သင်တန်းကို နေရာ(၄)ခုခွဲပြီး ၂၈-၃-၂၀၂၃ မှ ၃၁-၃-၂၀၂၃ ရက်နေ့အထိ   ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မန်းကျော် (ပြန်/ဆက်)