ညောင်တုန်း မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးလက်ရေပေးရေး၊ Cash For Work နှင့် (VDP)စီမံကိန်းလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်လမ်းညွှန်အမှာစကား ပြောကြား၍ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)စာအုပ်ကို မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည် ဖော်ရေးလုပ်ငန်း ကော်မတီထံသို့လည်းကောင်း၊ ကျေးလက်ရေပေးရေး၊ Cash For Workနှင့် (VDP) စီမံကိန်းလုပ်ငန်းများကို သက်ဆိုင်ရာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီများထံသို့ လည်းကောင်း တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်း စုစုပေါင်း(၃၁)ခုကို ဆောင်ရွက်ပေးခဲ့ပြီး အိမ်ခြေစုစုပေါင်း (၃၈၃၂)ခုမှ လူဦးရေ (၁၅၆၇၅)ဦးအတွက် အကျိုးပြုလျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)