ဆိပ်ဖြူ မတ် ၂၈
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဆရာ/အရာမများ (မြို့နယ်အဆင့်)အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့် မွမ်းမံဆွေးနွေးပွဲများကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း၌ စတင်ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စနစ်သစ်သင်ရိုးသစ် မူလတန်းအဆင့် တက်ရောက်သင်ကြားမည့် ကျောင်းသား/ကျောင်းသူများ ဘာသာရပ်အသီးသီးအလိုက် သင်ကြားမှုသင်ယူမှုများ ဖွံ့ဖြိုးတတ်မြောက်လာစေရန် ရည်ရွယ်၍ (မြို့နယ်အဆင့်) အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့် မွမ်းမံဆွေးနွေးပွဲများ ဆောင်ရွက်ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများကြီးကြပ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ဆရာ/ဆရာမ(၄၂၇)ဦး၊ ပခုက္ကူမြို့နယ်အတွင်းမှ အခြေခံပညာမူလတန်းအဆင့် ဆရာ/ဆရာမ(၆၃)ဦး တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲကာလမှာ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဘာသာရပ်အသီးသီးကို ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)