ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီစိုက်ပျိုးလျက်ရှိသည့် ​တောင်သူများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ဟုမ္မလင်း မတ် ၂၈

ဟုမ္မလင်းခရိုင်၊ ​ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီစိုက်ပျိုးလျက်ရှိသည့် တောင်သူများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်( ၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်အတွင်း နောင်လွန်​ကျေးရွာအုပ်စုရှိ ​ရော်ဘာနှင့် ​ကော်ဖီသီးနှံ ​ရောနှောစိုက်ခင်း၌ ကော်ဖီစိုက်ခင်း ပြုစု​စောင့်ရှောက်နည်းစနစ်များ ရှင်းလင်းဆွေး​နွေး ပြသခြင်း​ဆောင်ရွက်ရာ ​​စံကပ်​၊ မာလာ၊  ​နောင်လွန်​၊ နား​နောက်​ကျေးရွာများနှင့် ခိုပဲဝရပ်ကွက်မှ ​တောင်သူ (၂၀)ဦး တက်​ရောက်ကြကြောင်း သိရသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက စတင်စိုက်ပျိုးမည့်​တောင်သူများအား ​ကော်ဖီမျိုး​စေ့များ ​ပေးအပ်ပြီး၊ ဝန်ထမ်းများမှ မျိုး​စေ့ပျိုး​ထောင်ခြင်းနည်းစနစ်၊ အရိပ်ပင်နှင့် ​မြေဩဇာလိုအပ်မှု၊ ​ကိုင်းဖြတ်​ခေါင်နှိမ်ခြင်း၊ အသီးခူးခြင်းစ​သော စိုက်ခင်းပြုစု​စောင့်ရှောက်နည်းများ အသီးသီး​ဆွေး​နွေးကာ လက်​တွေ့ပြသရာ ​တောင်သူများက သိလိုသည်များ ​ပြန်လည်မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်းရှင်းလင်း ဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်တွင် ​​ကော်ဖီ (၁၀၈) ဧက စိုက်ပျိုးထားပြီး ၎င်းတို့အနက် (၃၀)ဧကမှာ အသီးဆွတ်ခူးနိုင်ပြီဖြစ်ပါကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)