သံဖြူဇရပ်မြို့နယ်၌ နေ့စဉ်ရေဂါလံ (၂၀၀၀ ) ကျော်ခန့် လှူဒါန်းပေး

သံဖြူဇရပ် မတ် ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ နွေရာသီရေရှားပါးမှုမှ ကင်းဝေးစေရေး အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်စေတနာရှင် အဖွဲ့တို့ပူးပေါင်း၍ သံဖြူဇရပ်မြို့နယ်အတွင်း ရေရှားပါးသည့် ရပ်ကွက်များသို့ လိုက်လံလှူဒါန်းပေးလျက်ရှိသည်။

အဆိုပါရေလှူဒါန်းခြင်းကို သံဖြူဇရပ်မြို့နယ်အနေဖြင့် မတ်လ ၁၇ ရက်နေ့မှစတင်၍ နေ့စဉ် လှူဒါန်းပေးလျက်ရှိပြီး တစ်နေ့လျှင် ရေဂါလံ (၂၀၀၀)​ ကျော်ခန့် လှူဒါန်းပေးပြီး တစ်နေ့ကုန်ကျငွေ ၂ သိန်းခန့်ရှိကြောင်း ရေပေးဝေရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)