မအူပင် မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၁၁) နာရီက အင်္ဂလိပ်စာ အခြေခံသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း သင်တန်းဆင်းပွဲကျင်းပသည်။
ရှေ့ဦးစွာ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာထွေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆရာ ဆရာဂျွန်ဖြိုးပိုင်မှ အင်္ဂလိပ်စာနှင့် ပန်းချီရေးဆွဲနည်းပညာရပ်များအား ဆက်လက်လေ့လာကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။ ၎င်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ သင်တန်းဆရာများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းအား မတ်လ (၁၉)ရက်နေ့မှ (၂၈) ရက်နေ့အထိ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမဲ့သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)