ကလေး မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" ”စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဦးဟာလိန်း၊ ရုပ်သံကျွမ်းကျင်-၃ မှ စာရေးဆရာချစ်ဦးညိုရေးသားသည့် “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ"စာအုပ်မှ စာရိတ္တဆိုင်ရာ၊ အတွေးခေါ်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာများကို တိုးတက်ခြင်း၊ ဆုတ်ယုတ်ခင်းများအား လူလောက သာဓကများဖြင့်ရေး သားထားသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များအတွက် ကာယ၊ ဉာဏ စွမ်းရည်မြှင့် ပြိုင်ပွဲများ၊ အသိပညာပေး စာဖတ်ဝိုင်းများ၊ ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)