ဝါးခယ်မ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြောင်းမြခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးအေးကြွယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဇော်နိုင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးအေးကြွယ်မှ အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်သန္တာအောင်မှ အမှာစကား ပြောကြားခြင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းမှ သင်တန်းနှင့် ပတ်သက်သည်များကို လမ်းညွှန်မှာကြားခြင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ၂၈-၃-၂၀၂၃ မှ ၃၁-၃-၂၀၂၃ ထိ (၄)ရက်တာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ကြီးကြပ်နှင့်ရုံးအဖွဲ့ (၅)ဦး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၅၂)ဦးတို့မှ သင်တန်းသား၊ သင်တန်းသူ (၁၅၅၃)ဦး တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)