ကျိုက်ထို မတ် ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲနိုင်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးမောင်ညိုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြား၍ ဒုတိယမြို့နယ်ပညာရေးမှူးဦးစိုးမိုးအေးက သင်တန်းတွင်ဆွေးနွေးသင်ကြားသွားမည့် အချက်အလက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကျိုက်ထိုမြို့နယ်မှ မူလတန်းအဆင့် ဆရာ၊ ဆရာမ(၅၅၇)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ(၂၀)ဦးမှ သက်ဆိုင်ရာဘာသာရပ်အလိုက်(၄)ရက်ကြာ သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်