လက်ပံတန်း မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် မြို့နယ်အဆင့်မူလတန်းဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ဆရာ/ဆရာမများ သင်ကြားမှုအရည်အသွေး မြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာနိုင်ရေး လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်သည့်အတွက် ဆရာ၊ ဆရာမများမှလည်း စိတ်ပါဝင်စားစွာပါဝင်ဆွေးနွေးပေးကြရန်ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကြည်က သင်တန်းဆိုင်ရာ အချက်အလက်များကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ (၃၄) ဦးဖြင့် မူလတန်းပြဆရာ၊ ဆရာမ (၁ဝ၂၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ KG မှ GRADE-5 အထိ ဘာသာစုံသင်ကြားမှုဆိုင်ရာများအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)