ခန္တီး မတ် ၂၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအနေဖြင့် အများပြည်သူအသိပညာပြန့် ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ ပြပွဲ/ ပြိုင်ပွဲများ၊ သင်တန်းများ၊ Talk Show များကိုပြုလုပ်ဆောင်ရွက်လျက်ရှိရာ မတ်လ(၂၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ငလျင်ဘေး အန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က ငလျင်နှင့်ပတ်သတ်၍ ဖြစ်ပေါ်နိုင်သည့်အခြေအနေများ၊ ငလျင်ဖြစ်ပေါ်လာပါက ပြုမူဆောင်ရွက်ရမည့်အချက်များ၊ ငလျင်ဖြစ်ပွားပြီးပါက နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို မေးမြန်းရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းနုက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)