ဒေးဒရဲ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်အစိုးရ ပါဠိပထမပြန် စာမေးပွဲကြီးကို ယနေ့နေ့လယ် ၁၂နာရီအချိန်က မင်္ဂလာကံကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပရာတွင် သတ်မှတ်နေ့ရက်များအလိုက် ပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းတွင် (၁)ပါး၊ ပထမငယ်တန်းတွင် (၅)ပါး၊ မူလတန်းတွင် (၃၁)ပါး၊ စုစုပေါင်း စာဖြေသံဃာ (၄၇)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက စာမေးပွဲဖြေဆိုသည့်ကာလအတွင်း အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲကြီးကို မတ်လ ၂၈ရက်နေ့မှ ဧပြီလ ၃ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနက သိရသည်။
အေဇာလင်း