ဝေါမြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့်သင် ဆရာ/ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံသင်တန်း / ဆွေးနွေးပွဲဖွင့်ပွဲ ကျင်းပ

ဝေါ မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့် အခြေခံပညာမူလတန်းဆင့်သင် ဆရာ/ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံသင်တန်း / ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက ဝေါမြို့အခြေခံပညာ အထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသီဟထွန်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကြည်စိုးက မြို့နယ်အဆင့် အခြေခံပညာ မူလတန်းဆင့်သင် ဆရာ/ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲပြုလုပ်ကျင်းပရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းမှူး ဒေါ်သိန်းသိန်းနု (ဦးစီးအရာရှိ /စာရင်းအင်း) က သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မြို့နယ်အဆင့် အခြေခံပညာမူလတန်းဆင့်သင် ဆရာ/ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ဆွေးနွေးပွဲကို သင်တန်းနည်းပြ ဆရာ/ဆရာမ (၂၀) ဦးက သင်တန်းတက်ရောက်သောဆရာ/ဆရာမ (၅၈၃) ဦးအား (၂၈.၃.၂၀၂၃) ရက်နေ့မှ (၃၁.၃.၂၀၂၃) ရက်နေ့အထိ သင်တန်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း